ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

မြန်မာ့မီးရထား

အသိပေးကြေညာချက်များ

  • ORTP စနစ်မှဝယ်ယူထားသော ရထားလက်မှတ် e-Receipt အား သက်ဆိုင်ရာဘူတာရုံ ကောင်တာများတွင် ရထားမထွက်ခွာမှီ (၁) နာရီ ကြိုတင်၍ လက်မှတ်ဖြင့် လဲလှယ်ပေးရမည်။
  • ORTP စနစ်တွင် ရထားလက်မှတ်များအား အွန်လိုင်းမှ ကြိုတင်၍ ဝယ်ယူနိုင်ရာတွင် ခရီးစဉ်အစအဆုံး ဘူတာများအတွက် (၇)ရက် ကြိုတင်၍ သော်လည်းကောင်း၊ ကြားဘူတာများအတွက် (၃)ရက် ကြိုတင်၍ သော်လည်းကောင်း ဝယ်ယူနိုင်မည်။

ခရီးသည်များ Online လက်မှတ်ဝယ်ယူရာတွင် လိုက်နာရန်စည်းကမ်းချက်များ

  • အသက် (၃) နှစ်အောက် ကလေးသူငယ်မှအပ ရထားစီးနင်းသူများအားလုံး လက်မှတ်ဝယ်ယူရမည်။
  • လက်မှတ်ဝယ်ယူစဉ် ဖြည့်သွင်းခဲ့သော အမည်၊ နိုင်ငံသားမှတ်ပုံတင်အမှတ် ကိုင်ဆောင်သူသာ ရထားလိုက်ပါ စီးနင်းခွင့်ရှိသည်။
  • ဝယ်ယူထားသောလက်မှတ်ကို ဝယ်ယူထားသောနေ့၊ ဝယ်ယူထားသောရထားတွင်သာစီးနင်းခွင့်ရှိမည်ဖြစ်သည်။ ဝယ်ယူထားပြီး မသွားဖြစ်သော ခရီးစဉ်အတွက် လက်မှတ်ခငွေ ပြန်လည်အမ်းပေးမည် မဟုတ်ပါ။
  • ရထားစီးခရီးသည်များသည် တာဝန်ရှိရထားဝန်ထမ်းမှ လက်မှတ်စစ်ဆေးသည့်အခါ နိုင်ငံသားမှတ်ပုံတင်မူရင်း၊ e ticket နှင့်တကွ စစ်ဆေးခံရမည်။ ဖြည့်သွင်းခဲ့သော အမည်၊ နိုင်ငံသားမှတ်ပုံတင်အမှတ်နှင့် စီးနင်းသူတူညီခြင်းမရှိပါက မူမမှန်လက်မှတ်အဖြစ် သတ်မှတ်၍ ခရီးအစအဆုံး လက်မှတ်ခ၏ (၂)ဆ ဒဏ်ငွေအဖြစ်ပေးဆောင်ရမည်။
  • လေအေးပေးစက် ရထားများပေါ်တွင် လိုက်ပါစီးနင်းစဉ် အနံ့အသက်ပြင်းသည့် အသီးအနှံ၊ အစားအသောက်၊ အရာဝတ္တုများတင်ဆောင်ခြင်း၊ အများပြည်သူ အနှောင့်အယှက်ဖြစ်စေသည့်အပြုအမူပြုလုပ်ခြင်း၊ အရက်သေစာသောက်စားခြင်း၊ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းတို့ပြုလုပ်ပါက ဒဏ်ရိုက်အရေးယူခြင်း ခံရမည်ဖြစ်သည်။
  • Online မှ လက်မှတ်ဝယ်ယူသည့်အခါ လက်မှတ်ဝယ်ယူခြင်း ဝန်ဆောင်ခ (Ticket Service Fee) အပြင် ဘဏ်ဝန်ဆောင်ခ (Bank Transaction Fee) ကိုပါ ခရီးသည်မှပေးဆောင်ရမည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့မှ စတင်ပြီး ORTP စနစ်ဖြင့် လက်မှတ်ဝယ်ယူခြင်းဝန်ဆောင်ခ (Ticket Service Fee) (၂၀၀/-)ကျပ် အား ခရီးသည်တစ်ဦးလျှင် (အသက် ၃ နှစ်အောက် ကလေး - ခုံမယူ) မှ အပကောက်ခံသွားမည် ဖြစ်ပါသည်။
  • မြန်မာ့မီးရထား၏ ပျက်ကွက်မှုကြောင့် ရထားခရီးစဉ်ပြေးဆွဲမှုမရှိပါက ရထားလက်မှတ်ခ လက်မှတ် ဝယ်ယူသူထံ ပြန်လည်အမ်းပေးသွားမည်ဖြစ်ပြီး ORTP စနစ်အသုံးပြု၍ လက်မှတ်ဝယ်ယူခြင်းဝန်ဆောင်ခ (Service Fee) ကိုမူ ပြန်လည် အမ်းပေးသွားမည်မဟုတ်ပါ။ ထို့အတူ Online ရထားလက်မှတ်အား ဘူတာရုံရှိ ဝန်ဆောင်မှုကောင်တာမှ ဝယ်ယူခဲ့ခြင်းဖြစ်ပါက ရထားလက်မှတ်ခ ပြန်အမ်းငွေအား ဝယ်ယူခဲ့သည့် ဘူတာရုံတွင်သာ လာရောက်ထုတ်ယူရမည် ဖြစ်ပါသည်။

ဝယ်ယူထားသော e-Ticket အားပြန်လည်ရယူရန်

x

ဆက်သွယ်ရန်